စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မှကုန်ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၂.၆.၂၀၂၃) ရက်နေ့နှင့် (၁၀.၄.၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ကုန်ဈေးနှုန်း ပြောင်းလဲမှု အခြေအနေများကို တင်ပြအပ်ပါသည်။ ပေါ်ဆန်းဆန်၊ ဧည့်မထဆန်ဈေးနှုန်းတို့မှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်း ဆန် (၃၃၀၀၀/-၊ ၃၆၀၀၀/-) ကျပ်၊ ဧည့်မထဆန် (၁၇၀၀၀/-) ကျပ်၊ အနည်းငယ်ကျဆင်း နေကြောင်း တွေ့ရှိ ရပါသည်။ ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ ဆန်သစ်ပေါ်လာခြင်း ဝယ်လိုအားနည်းခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်ရပါသည်။

    ဓါတ်ဆီ၊ ဒီဇယ်ဆီ ၊ ဈေးနှုန်းများမှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင်ပါက ဓါတ်ဆီဈေးနှုန်းမှာ (၃၄၅၅/) ကျပ်၊ ဒီဇယ်ဈေးနှုန်းမှာ (၂၀၉၁/) ကျပ်မြင့်တက်နေကြောင်းတွေ့ရှိရ ပါသည်။ ရည်ညွှန်းဈေးပေါ်မူတည်ပြီး အတက်၊ အကျ ဖြစ်ပေါ်နေပြီး စားအုန်းဆီဈေးနှုန်းမှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၅၂၀/) ကျပ် လျော့နည်းကြောင်း တွေ့ရှိရပါသည်။ (ရည်ညွှန်ဈေး+ သယ်ယူ စရိတ်+၂%) ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ရပါသည်။

    ရွှေဈေးနှုန်းအနေဖြင့် (၁၂.၆.၂၀၂၃) ရက်နေ့နှင့်နှိုင်းယှဉ်ပါက ၁၆ ပဲရည် (၁၆၉၅၀၀၀/) ကျပ် ၁၅ပဲရည် (၁၅၇၅၀၀၀/) ကျပ် ဈေးနှုန်းများမြင့်တက်နေကြောင်းတွေ့ရှိရပြီး ကမ္ဘာ့ရွှေ ဈေးနှုန်း အပေါ် ရန်ကုန်မြို့ရှိ ရွှေလက်ကားရောင်းဝယ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင် များ၏ ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ စားဖို‌ဆောင် သီးနှံများဖြစ်သည့် ငရုတ်ဈေးနှုန်းမှာ (၁၂.၆.၂၀၂၃)ရက်နေ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၆၂၀၀/-၊ ၇၀၀၀/-) လျော့နည်း ကြောင်းတွေ့ရှိရပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ (ရှမ်းဖြူ)၊ အာလူးဈေးနှုန်းမှာ ဈေးနှုန်း များမြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ငရုတ်ဈေးနှုန်း ကျဆင်းရခြင်းမှာ ဒေသတွင်း စိုက်ပျိုးထွက်ရှိမှုများခြင်းနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ (ရှမ်းဖြူ)၊ အာလူးဈေးနှုန်း မြင့်တက် ရခြင်းမှာ စိုက်ပျိုးထွက်ရှိရာ ဒေသများမှ သယ်ယူစရိတ်များ မြင့်မားလာခြင်း ကြောင့်ဖြစ်သည် ဟု သုံးသပ်ရရှိပါသည်။

   အသားဈေးနှုန်းများမှာ စည်ပင်သာယာရေးအဖွဲ့၏ ထိန်းကြောင်းကြပ်မတ်မှုကြောင့် ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးဈေးနှုန်းအနေဖြင့် (၁၂.၆.၂၀၂၃) ရက်နေ့ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ငါးကြင်း၊ ငါးခူ၊ ငါးရံ့ ဈေးနှုန်းများမြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ဈေးနှုန်းများမြင့်တက်ရခြင်းမှာ သွင်းအားစုဖြစ်သည့် အစာဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အထွေထွေကုန်ကျစရိတ်များ မြင့်မားခြင်းကြောင့်လည်းကောင်း၊ ငါးကြင်းမှာ မွေးမြူရေးငါးများထက် ကြီးထွားနှုန်းနှေးကွေးခြင်းကြောင့်လည်းကောင်း၊ ငါးမြစ်ချင်းဈေးနှုန်းမှာ ငါးကန်ဖော်ချိန်ဖြစ်၍ ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)