“မြစ်သားမြို့နယ်၌ချည်မျှင်ရှည်ဝါများစတင်ထွက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။   ခရိုင်အတွင်း ဝါ စိုက်ဧက(၅၇၆၁)ဧက စိုက်ပျိုးပြီးစီးကြောင်း ၊ မြစ်သားမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၄၁၆၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုဇွန်လတတိယအပတ်မှစတင်၍ ဝါများစတင်ထွက်ရှိနေပြီဖြစ်ကြောင်း ၊ ဝါစိုက်ထွက်ရှိသောရွာ များမှာ မှက္ခရာ ၊ ဆင်သည် ၊ သပြေတောင်းရွာများဖြစ်ပြီး ဝါစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေး စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃)ထုပ်အထိ ကုန်ကျကြောင်း၊ မျိုး(၁) ထုပ်စျေးနှုန်းအနေဖြင့် (၆၅၀၀၀-၇၀၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀)ခန့် ထွက်ရှိခဲ့ပြီး ဝါ(၁)ပိဿာလျှင် (၃၂၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၆၂၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေး ဝါအသစ်(၁)ပိဿာလျှင်(၃၂၀၀-၃၅၀၀)ကျပ်၊ ဂွမ်းအသစ် (၁)ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ် ၊ ဝါအဟောင်း(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ ဂွမ်းအဟောင်း(၁) ပိဿာလျှင် (၉၈၀၀-၁၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် မြို့ပေါ် ပွဲရုံများဖြစ်သော နေလသုခပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း ၊ ပွဲရုံများမှ တဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှုဇုံ(၁)သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ ဝါအထွက်နှုန်းကောင်းမွန်ရန်နှင့် တောင်သူအကျိုးအမြတ်ပိုမိုဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇမှန်ကန်‌ သောမျိုးများ နှင့် စုပ်စားပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက်ပေးနိုင်ရန် သက်ဆိုင်ရာဌာန၏ ပံ့ပိုးမှုများ လိုအပ်လျှက်ရှိကြောင်း ဝါ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)