မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်ထွက်ရှိနေသော ဆန်းပန်း(ဖြူ/ဝါ)များ ဈေးကောင်းရရှိနေ

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဆန်းပန်း (ဖြူ/ဝါ) စိုက်ပျိုးနေသောတောင်သူများ အကျိုးအမြတ်များရရှိနေကြောင်းသိရသည်။ ပန်းစိုက်ပျိုးချိန်မှာ ရက်သတ္တပတ်(၁၀) ပတ်ခန့်စိုက်ပျိုးရပြီး ပျိုးပင်တစ်ပင်၏ တန်ဖိုးမှာ (၁၆) ကျပ်ရှိကြောင်း၊ တစ်ဧကလျှင် ပျိုးပင် (၄) သိန်းခန့်စိုက်ပျိုးနိုင်ပြီး တစ်ဧကသွင်းအားစုကုန်ကျစရိတ်မှာ ကျပ်သိန်း(၁၀၀)ခန့်ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၈၀) ရာခိုင်နှုန်းကျော်ခူးဆွတ်ရရှိကြောင်းသိရသည်။ ယခုနှစ်ဈေးကွက်ပေါက်ဈေးအရ ဆန်းပန်း(ဖြူ/ဝါ) တစ်ပွင့်လျှင် (၁၉၀) ကျပ်ခန့်ရရှိပြီး ခူးဆွတ်ရရှိသော ဆန်းပန်း (ဖြူ/ဝါ)များကို ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်မြို့များရှိ ပန်းဒိုင်များသို့ တင်ပို့ကြောင်းသိရသည်။ ဘီးလင်းမြို့နယ်၊ ရွှေလှေ၊ ညောင်ပုလ္လင်၊ လိပ်ခုံး၊ မုသင်၊ ကျောက်ရေတွင်းကျေးရွာများတွင် စိုက်ပျိုးကြပြီး စုစုပေါင်းဧကအားဖြင့် ဧက(၁၀၀)ခန့်ရှိပြီး ယခုနှစ် ပန်းစိုက်ပျိုးသောတောင်သူများအနေဖြင့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ရွှေလှေကျေးရွာတွင် ပန်းစိုက်ပျိုးနေသော ဦးအောင်မျိုးထွန်းထံမှသိရှိရပါသည်။

DOCA(မွန်)