“ရမည်းသင်းမြို့နယ် အထူးစျေးနှုန်းဖြင့်ရောင်းချလျှက်ရှိသော စက်သုံးဆီ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း’’

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဦးစီးအရာရှိ၊ဦးသန်းစိုးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စည်ပင်သာယာရေးဝန်ထမ်းနှင့်အတူ Asia Energy စက်သုံးဆီအရောင်းဆိုင်နှင့် PT Power စက်သုံးဆီအရောင်းဆိုင်များသို့ (၁၄ .၂.၂၀၂၂) ရက်နေ့ (၁၀ ) နာရီအချိန်တွင် သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသော ကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)