စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ကျိုက်ထိုမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်နှင့် PT Power စက်သုံးဆီအရောင်းဆိုင်တို့အား သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ် တာဝန်ခံဦးဇော်ဦးတို့မှ (၁၄.၂.၂၀၂၂) ရက်နေ့တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ထိုသို့သွားရောက်ကြည့်ရှု့စစ်ဆေးရာတွင် Denko ဆီဆိုင်မန်နေဂျာဦးရန်နိုင်စိုးနှင့် PT Power ဆီဆိုင် မန်နေဂျာဦးကိုကိုလေးတို့နှင့် တွေ့ဆုံပြီး ဒု-ခရိုင်ဦးစီးမှူးဦးအောင်ကျော်မင်း မှ ရောင်းချလျက်ရှိသော စက်သုံးဆီတို့၏ အရည်အသွေး၊ အချိန်အတွယ် ပြည့်ဝမှန်ကန်မှုရှိစေရေး၊ သတ်မှတ်ထားသည့် ခွဲတမ်းများ၊ ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ မိမိတို့ရောင်းချသောကုန်စည်နှင့် ပတ်သက်၍ သတင်းအချက်အလက်များအားအများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာသတင်းဖြန့်ဝေပေးရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော စက်သုံးဆီများကို ရောင်းချကြရန်၊ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောစက်သုံးဆီများကိုလည်းစည်းကမ်းချက် များနှင့်အညီမှန်ကန်စွာရောင်းချကြရန်၊ နေ့စဉ်စာရင်းဇယားများကိုလည်း အချိန်နှင့်တပြေးညီ ပြန်လည်တင်ပြကြရန်နှင့် စားသုံးသူပြည်သူများစိတ်ချယုံကြည်မှုရှိစေရေး အလေးထားဆောင်ရွက် နိုင်စေရန် အဓိကထားဆွေးနွေးခဲ့ကြောင်းသိရပါသည်။
DOCA(မွန်)