ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးနှင့် ဝန်ထမ်းများသည် (၁၆.၂.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြို့မဈေးသစ်၊ ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်း သိကောင်းစရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄) ပါပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပါသည်။

           ထို့နောက် ဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)