အောင်လံကုန်စည်ဒိုင်၏ သီးနှံများရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

           အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံ)ဈေးနှုန်းမှာ ယခင်အပတ်(၉.၂.၂၀၂၂)နေ့နှင့် ယခုအပတ် (၁၆.၂.၂၀၂၂)နေ့ ဈေးနှုန်းများ နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်များမှာ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ ယခုအပတ်တွင် (၅၀၀ဝိ/-) ဈေးနှုန်း မြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ နှမ်း(စမုံ)(၆၅၀)အိတ်၊ နှမ်းပြာ(၂၁၀)အိတ်၊ နှမ်းနီ (၂၂၅)အိတ်၊ နှမ်းဖြူ(၁၆၀)အိတ်တို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ပဲမျိုးစုံ ဈေးကွက်မှာ ပဲစဉ်းငုံ(အနီ) ယခင်အပတ်(၄၀၃၀ဝိ/-)ရှိခဲ့ပြီး ယခုအပတ်(၄၁၈၀ဝိ/-) ဖြစ်သည့်အတွက် (၁၅၀ဝိ/-)ဈေးနှုန်းမြင့်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲမှာ ယခင်အပတ်(၃၇၀၀ဝိ/-) ယခုအပတ်(၄၁၀၀ဝိ/-)ရှိ၍ (၄၀၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(H.L) ယခင် အပတ်(၄၁၀၀ဝိ/-) ယခုအပတ်(၃၉၀၀ဝိ/-) ဖြစ်သည့်အတွက် (၂၀၀ဝိ/-)လျော့၊ ပဲကြီး ယခင်အပတ် (၈၅၀၀ဝိ/-) ယခုအပတ်(၆၀၀၀၀-၆၅၀၀ဝ) ရှိသည့်အတွက် (၁၅၀၀-၁၀၀၀)ဈေးလျှော့၊ မြေပဲ (လုံးဆံဖြူ) ယခင်အပတ် (၃၂၀ဝိ/-) ယခုအပတ်(၃၁၅ဝိ/-) ရှိသည့်အတွက် (၅ဝိ/-)လျှော့၊ မြေပဲ (လုံးဆံနီ) ယခင်အပတ် (၂၉၇၅°/-) ယခုအပတ်(၃၀၀ဝိ/-) ဖြစ်သည့်အတွက် (၂၅°/-)ဈေးမြင့်ခဲ့ပြီး ဘိုကိတ်ပဲမှာ ဈေးနှုန်းအပြောင်းအလဲမရှိ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ်များမှာ ကုလားပဲ(H.L)(၃၅၀)အိတ်၊ ဘိုကိတ်(အဖြူ)(၂၅၀)အိတ်၊ ဘိုကိတ်(အပြာ)(၃၉၀)အိတ်၊ ပဲကြီး(၇၅၀) အိတ်၊ မြေပဲ(လုံးဆံဖြူ) (၁၂၀၀)အိတ်၊ မြေပဲ(လုံးဆံနီ)(၇၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

         ဝါသီးနှံမှာ ယခင်အပတ် (၁၇၀ဝ-၁၈၀၀)မှ ယခုအပတ် (၁၈၀၀-၁၉၀၀)ဈေးရှိခဲ့ပြီး (၁၀၀)ဈေးမြင့်ကာ ဝါပိဿာချိန် (၄၀၀၀ဝိ/-)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)