ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၁:၃၀)အချိန်တွင် (၈)လမ်းဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်ဈေးကော်မတီအဖွဲ့များပူးပေါင်းပါဝင်၍ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil/Cooking Oil)နှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပါတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်ညွှန်ကြားချက်များအား ကြိုတင်သိရှိရပြီး ပြင်ဆင်ထားနိုင်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဈေးဆိုင်များအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)