ဘိုကလေးမြို့နယ်မှအုန်းသီးဈေးကွက်အခြေအနေ

Powered by Drupal

        ဘိုကလေးမြို့နယ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင်တည်ရှိပြီး စီးပွားရေးလုပ်ငန်းအနေဖြင့် ဆန်စပါးလုပ်ငန်းနှင့်ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော မြို့တစ်မြို့ဖြစ်ပါသည်။ ထို့ပြင်စိုက်ပျိုးရေးအနေဖြင့်အုန်းသီးစိုက်ပျိုးမှုသည်လည်း စိုက်ပျိုးတောင်သူများ ပုံမှန်ဝင်ငွေတိုးစေသဖြင့် တစ်ထောင့်တစ်နေရာမှ ဝင်ငွေတိုးစေပါသည်၊၊ ဘိုကလေးမြို့နယ်တွင် ယခင်နှစ်အုန်းစိုက်ပျိုးမှု (၁၀၇၄၉)ဧကရှိပြီး ဆွတ်ခူးဧက(၆၉၂၅)ဧက၊ အထွက်နှုန်း(၂၉၁၂)ဧကဖြစ်ပြီး၊ အုန်းသီးအထွက်လုံးရေ သိန်း(၂၀၀)ကျော်ခန့်ထွက်ကြောင်းသိရသည်။ အုန်းသီးအများဆုံးထွက်ရှိသောကျေးရွာများမှာ မစိမ်း၊ တယ်ပင်(၃)၊ဖိုးရွှေလုံး၊ကံစု၊ဟိုင်းစီ၊ကွမ်းသီးချောင်နှင့် ဆင်ချောင်းကျေးရွာများပင် ဖြစ်ပါသည်။ အုန်းသီးအဝယ်ဒိုင်များလည်းရှိပြီး အဆိုပါကျေးရွာများမှ သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၃)ကျေးရွာရှိ အဝယ်ဒိုင်သို့ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတစ်ဦးသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့သွားရောက်၍ အုန်းသီးဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ဈေးနှုန်း၊ဈေးကွက်အခြေအနေများအားမေးမြန်းရာ၊ အုန်းသီးတစ်လုံးဝယ်ရင်းဈေး(၃၅၀)ကျပ်ခန့်ရှိပြီး အုန်းသီးများ ရန်ကုန်ဈေးကွက်သို့ရောက်ရန်အတွက် အုန်းသီးအခွံခွာခတစ်လုံး(၂၀)ကျပ်၊ ကားပေါ် အတင်(၃)ကျပ်၊အချ(၃)ကျပ်နှင့် ကားတန်ဆာခတစ်လုံး (၃၀/၄၀)ကျပ်နှုန်းရှိပြီး နေရာအကွာအဝေးပေါ်မူတည်၍ရှိသည်၊ရောင်းဈေးအနေဖြင့် အုန်းသီးတစ်လုံး(၅၀၀)ကျပ်ရရှိသည်။ ကုန်ကားတစ်စီးလျှင် အုန်းသီး(၅၀၀၀/၆၀၀၀)လုံးခန့် တင်နိုင်ပြီး တစ်ပတ်လျှင်နှစ်ကြိမ်တင်ပို့နိုင်သဖြင့် တစ်လလျှင်ပျမ်းမျှ အုန်းသီးအလုံးရေ လေးသောင်းနှင့်ငါးသောင်းခန့် တင်ပို့နိုင်ကြောင်းသိရသည်။

          အုန်းပင်တစ်ပင်တွင် တစ်နှစ်လျှင်အုန်းသီးအနည်းဆုံး(၃)ကြိမ်ခန့်ဆွတ်ခူးနိုင်သဖြင့် တစ်နှစ်ပတ်လုံး ဈေးကွက်ခိုင်မာစွာရပ်တည်နိုင်ပြီး ယခင်နှစ်ကအုန်းသီးတစ်လုံး ရောင်းဈေးမှာ (၃၀၀/၃၅၀) ကျပ်ခန့်သာရှိပြီး ယခင်နှစ်တွင်ဈေးပိုမိုရရှိသဖြင့် ရောင်းအားဝယ်အား တွင်တွင်ကျယ်ကျယ်ရှိကာ အုန်းသီးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဈေးကောင်းရရှိ၍ အမြတ်များရရှိနေကြောင်းသိရသည်။

DOCA(ဧရာဝတီ)