မေလ ဒုတိယပတ်တွင် မုံရွာမြို့၌ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

       မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       မုံရွာမြို့တွင် စက်သုံးဆီဆိုင် (၂၇) ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မေလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၉၂၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၉၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၃၅) ကျပ်ဖြင့် ရောင်းချရှိကြောင်းသိရှိရပါသည်။

        ယခုမေလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၇၆၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၈၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၇၅) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်မေလ ပထမပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၅၅) ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၁၆၀)ကျပ်၊   ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၆၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၆၀)ကျပ် စသည်ဖြင့် အသီးသီးဈေးနှုန်းကျဆင်းလျက်ရှိကြောင်း  စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)