ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာအရောင်းဆိုင်သို့ ကွင်းဆင်းလေ့လာ

Powered by Drupal

     

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးဆောင်၍ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် ပြည်တွင်းတာဝန်ခံတို့သည်  ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် လက်ပံတန်း မြို့နယ်ရှိ တောင်သူကြီး ပိုးသတ်ဆေးအရောင်းဆိုင်နှင့် ပစ်တိုင်းထောင် ဓာတ်မြေသြဇာ အရောင်းဆိုင် သို့ သွားရောက်၍ ရောင်းချလျက်ရှိသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့၏ ဈေးနှုန်းဈေးကွက် အခြေအနေ၊ အရောင်းအဝယ်ဖြစ်မှု  အခြေအနေများကို ကွင်းဆင်းသွားရောက်မေးမြန်းခဲ့ရာ ယခုအပတ်တွင် ယူရီးယား (အာမို) တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် ၈၂၀၀၀ ကျပ် နှင့် ပိုးသတ်ဆေး စူပါပါဝါတစ်ဗူးလျှင် ၁၂၀၀၀ ကျပ်၊ ဟလို ၁/၂တစ်ဗူးလျှင် ၂၉၀၀၀ကျပ် ၊ဆလက်ပလက်တစ်ဗူးလျှင်  ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)