ကြို့ပင်ကောက်မြို့နယ် ဆန်စက်လုပ်ငန်းရှင် ဥက္ကဌနှင့်တွေ့ဆုံမေးမြန်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ပြည်တွင်းတာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ သတင်းနည်းဌာနခွဲတာဝန်ခံ ဒေါ်ကြည်ကြည်ချို ၊ ကြို့ပင်‌ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်တို့သည် (၁၈.၂.၂၀၂၂) ရက်နေ့ ၊ ‌နေ့လည် (၁:၀၀)နာရီချိန်တွင် ကြို့ပင်ကောက်မြို့ နယ် ၊ ဥက္ကံအုပ်စု ၊မကျည်းကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တည်ရှိသော ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမင်းအောင်ထံသို့ သွားရောက်ပြီး စား/ဆန် ဈေးနှုန်းများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

         သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းမှ ဆန်စက်ကြိတ်ခွဲလည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုပြီး ယခုကြိတ်ခွဲနေသော စပါးအမျိုးအစားနှင့် ဆန်/စပါးဈေးနှုန်းများမေးမြန်းခဲ့ရာ ဆန်စက်ပိုင်ရှင်မှ ကရင်မထိပ် ဆောင်းစပါးများ ကြိတ်ခွဲနေခြင်းဖြစ်ပြီး စပါးတင်း (၁၀၀) လျှင် ခုနှစ်သိန်းရှစ်သောင်းကျပ် ရှိကြောင်းနှင့် တစ်နေ့လျှင် စပါးတင်း (၅၀၀၀) ခန့်ကြိတ်ခွဲနိုင်ကြောင်း သိရှိရပါသည်။ ယခုကြိတ်ခွဲနေသော ဆန်မှာ စူပါဖိုက်ဆန်ဖြစ်ပြီး ဆန်သား ၉၅% ၊ဆန်ကွဲ ၅  % ကြိတ်ခွဲခြင်းဖြစ်ကြောင်း ကရင်မဆန် တစ်အိတ်လျှင် (၂၄၅၀၀/) ကျပ် ၊A1-Extra တစ်အိတ်လျှင် (၂၄၀၀၀/) ကျပ်၊ A1-2 တစ်အိတ်လျှင် (၂၃၀၀၀/) ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)