စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ရွှေတောင်မြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရွှေတောင်မြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အိမ်တွင်းမှုလုပ်ငန်းမှသည် အကြီးစားစက်မှုလက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်ပို့ချသော အခြေခံအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းမှု နည်းပညာသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ သင်တန်းသို့ ရွှေတောင်မြို့နယ်အတွင်းမှ အိမ်တွင်းအခြေခံလျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းအား စိတ်ဝင်စားသူ(၂၀)ဉီး တက်ရောက်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာသူများအနေဖြင့် သင်တန်းဆင်းပြီးချိန်တွင် (ဝန်ဆောင်မှု) လုပ်ငန်းဖြစ်သည့် အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)