စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အုတ်တွင်း မြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာရှိ Max စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆိုင်တာဝန်ခံ ဦးစိုးပိုင်က Diesel နှင့် Premium Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

              ခရိုင်ဦးစီးမှူးက စက်သုံးဆီများ၏ ဈေးနှုန်းနှင့် အခြင်အတွယ်မှန်ကန်ရေးတို့ကို စစ်ဆေးကြည့်ရှုပြီး စက်သုံးဆီဈေးနှုန်း မြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချကြရန်၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေရေးအတွက် ဝန်ဆောင်မှုပေးရန် ဆိုင်တာဝန်ခံနှင့် ဆွေးနွေး၍ အကြံပြုမှာကြားခဲ့ပါသည်။

          မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ Max Energy စက်သုံးဆီကုမ္ပဏီသည် ၎င်းပိုင် Max စက်သုံးဆီ အရောင်းဆိုင်များတွင် Diesel နှင့် Premium Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချ လျှက်ရှိရာ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဘေးရှိ Max စက်သုံးဆီအရောင်းဆိုင်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ အထူးဈေးနှုန်းဖြင့် ရောင်းချကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)