၂၀၂၄ခုနှစ်၊ မေလ(၁၅)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ထားဝယ်ကမ်းရပ်နှင့် မြို့သစ်ရပ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ မြိတ်ခရိုင်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက် မြိတ်ခရိုင်ကုန်စျေးနှုန်းအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထားဝယ်ကမ်းရပ်နှင့် မြို့သစ်ရပ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးများဝယ်ယူရရှိမှုအခြေအနေနှင့် ရောင်းချနေမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရန်၊ စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဒေသတွင်းဖြစ်သင့်သော စျေးနှုန်းဖြင့်သာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)