ဘိုကလေးမြို့၊ (၂)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မေလ(၁၃)ရက်နေ့၊ နံနက်( ၁၀:၃၀ )နာရီအချိန်တွင်   ဘိုကလေးမြို့၊ ( ၂ )ရပ်ကွက်ရှိ ပြည်သူ( ၁၀ )ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စားသုံးသူကာကွယ်ရေးဥပဒေဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာပါက ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လာရောက်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအရသိရှိရပါသည်။

DOCA(ဧရာဝတီ)