မန္တလေးမြို့တွင်း မြေပဲဆံနှင့် မြေပဲဆီဈေးကွက်အခြေအနေ

Powered by Drupal

         မန္တလေးဈေးကွက်သို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ မြင်းမူနယ်မှ မြေပဲဆံအသစ်များ ဝင်ရောက်မှုရှိပြီး အညာဒေသ မကွေးနှင့် ရေနံချောင်းနယ်တို့မှလည်း အညာဆီဆံများ ဝင်ရောက်လျက်ရှိပါသည်။ အဆိုပါ မြေပဲလုံးဆံများကို ဒေသတွင်းရောင်းဝယ်သူများအနေနှင့် မန္တလေးမှတဆင့် တရုတ်ဝယ်လက်များမှ အဝယ်ရှိသလို ရန်ကုန်သို့လည်း တင်ပို့မှုရှိကြောင်းနှင့် မန္တလေးမြို့တွင်းရှိ ဆီစက်များမှလည်း စက်ကြိတ်များကောင်းမွန်သဖြင့် ဆီကြိတ်ခွဲမှုရှိကာ အဝယ်လိုက်ကြောင်း သိရပါသည်။မန္တလေးဈေးကွက်တွင် လက်တလောဈေးနှုန်းအနေနှင့် မြေပဲလုံးဆံ(နီ)သစ် တစ်ပိဿာ ၃၀၅၀ ကျပ်၊ S1 လုံးဆံ တစ်ပိဿာ ၃၂၀၀ ကျပ်၊ အနီဆီဆံ တစ်ပိဿာ ၂၇၀၀ ကျပ် ရှိပြီး ယခင်လတူဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ)သစ် တစ်ပိဿာ ၃၁၅၀ ကျပ်၊ S1 လုံးဆံ တစ်ပိဿာ ၃၁၅၀ ကျပ်၊ အနီဆီဆံ တစ်ပိဿာ ၂၇၀၀ ကျပ် ဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် အနီလုံးဆံအနေနှင့် တစ်ပိဿာ ၁၀၀ ကျပ်၊ S1 လုံးဆံ တစ်ပိဿာ ၅၀ ကျပ်၊ အနီဆီဆံ အနေနှင့် ဈေးငြိမ်နေသည်ကို တွေ့ရပါသည်။ မြေပဲဆီဈေးအနေနှင့် တစ်ပိဿာ ၆၅၀၀-၇၀၀၀ ကျပ်ဈေးရှိကြောင်း သိရသည်။

DOCA(မန္တလေး)