ပေါင်းတည်မြို့နယ်တွင် ဆီရောင်းချနေသော ဆီလုပ်ငန်းရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်  ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်းတည်မြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများကို ဗီနိုင်းများတွင်ဖော်ပြ၍ ချိတ်ဆွဲရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ထို့နောက် တာဝန်ခံများက ရည်ညွှန်းဈေးနှုန်းများဖြင့် မှန်ကန်စွာရောင်းချပေးနိုင်ရေး၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ်  ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် သတ်မှတ်အမြတ်ရာနှုန်းထက်ပိုမို၍ ရောင်းချခြင်းမပြုလုပ်ကြရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)