စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လုပ်ငန်းရှင်များသိသင့်သိထိုက်သော ဥပဒေအကြောင်းအရာများကို မေလ(၁၆)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကျောင်းကုန်းမြို့နယ်၊ မြို့နယ် စည်ပင်သာယာရေးဈေးတာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ပါသည်။
ထိုသို့အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံက စားသုံးသူများနစ်နာဆုံးရုံးမှုမရှိစေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)