တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ စျေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် စျေးကစားမှုမဖြစ်စေရန်တို့အတွက် စျေးနှုန်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ်၊ မေလ(၂၀)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ လက်ကားကုန်စုံဆိုင်များသို့သွားရောက်၍ အခြေခံစားကုန်စျေးနှုန်းများအား ကွင်းဆင်းစုံစမ်းခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစုံစမ်းရာတွင် ဆန်၊ ဆီ၊ ကုန်မျိုးစုံ၏အချက်အလက်၊ စျေးနှုန်းများကိုမေးမြန်းခဲ့ပြီး စားအုန်းဆီများအား ကျပ်သား/ ပိဿာ မှန်ကန်စွာသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေမှု၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် စျေးကစားခြင်းများမပြုလုပ်ရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)