စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) ပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသောကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ တောင်ငူမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင်သတ်မှတ်ထားသောရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိကိုလည်းကောင်း၊ ဘူးသွင်းစားအုန်းဆီများ၌ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/ မရှိကိုလည်းကောင်း စစ်ဆေးစောင့်ကြည့်ခဲ့ကြကြောင်း သိရှိရသည်။
DOCA(ပဲခူး)