ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုဝေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို စသည့်ဌာနများပူးပေါင်း၍ ၁၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် အမှတ် (၁၆၅)၊ မြတ်မင်္ဂလာလမ်း၊ (၂၆) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ Regal Sun Co.,Ltd မှ ဒါရိုက်တာ ဒေါ်ကြူကြူခင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိဆေးဝါးများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာ၌ ဆေးကုမ္ပဏီတွင် ဆေး(၅)မျိုးကို အိန္ဒိယနိုင်ငံမှတင်သွင်းပြီး သွေးတိုးကျဆေး၊ ပဋိဇီဝဆေး၊ အကိုက်ခဲပျောက်ဆေး၊ အာရုံကြောနာကျင် ပျောက်ဆေးများဖြစ်ပြီး အဆိုပါ ဆေးဝယ်များယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)