စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ညောင်တုန်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂)နေ့ နံနက်(၀၉:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ကျွန်းသာဝ ကျေးရွာမှ တောင်သူဦးသုခနှင့် ဦးကျော်သိန်းတို့၏ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရန်ကုန်သီရိ မင်္ဂလာဈေးကွက်တွင်း ဈေးကောင်းရနေသော ဟင်းသီးဟင်းရွက်၊ ပဲတိုင်ထောင်၊ ဘူးသီး၊ ခရမ်းသီး၊ ဖူးစားပြောင်းသီးနှံတို့၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် တောင်သူဦးသုခ၏တင်ပြချက်များမှာ ယခုနှစ် တွင်ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးရလွယ်ကူသော်လည်း သွင်းအားစုဈေးနှုန်းများကြီးခြင်းနှင့် စိုက်ပျိုးနည်းပညာများရရှိရေးကို အလေးပေးတင်ပြခဲ့ပြီး ရန်ကုန်သီရိမင်္ဂလာဈေးကွက်၏ ဈေးကောင်းရရှိမှုနှင့် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို တင်ပြခဲ့ပါသည်။
ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် မြို့နယ်ဦးစီးမှူးတို့မှ သွင်းအားစုဈေးနှုန်းမြင့်မားမှုကို ကုစားရန် အတွက် သဘာဝမြေဩဇာများကို အစားထိုးအသုံးပြုပြီး နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ကုမ္ပဏီများသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးမြှင့်စိုက်ပျိုးရေး၊ ထွက်ကုန်များထွက်ရှိပြီး ဈေးကောင်းရရှိနိုင်ရေးနှင့်ဈေးကွက်ဝင်နိုင်ရေးကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)