စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

Powered by Drupal

     မေလ   (ဒုတိယ) အပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၁၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၈၁၈၀၊ ကချင်သို့ အိတ်‌ရေ ၂၆၅၀၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်း အိတ်ရေ (၇၉၈၃၀)  အိတ်၊ တန်အားဖြင့် (၃၉၉၁) စီးထွက်ခဲ့ပြီး ယခုမေလ   (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၆၂၀၀၊ မန္တလေး သို့ အိတ်ရေ ၃၂၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၀၀၀၊ မွန်သို့ အိတ်ရေ ၂၄၀၀၊ ကချင်သို့ အိတ်‌ရေ ၆၀၃၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်း အိတ်ရေ (၇၇၄၃၀)  အိတ်၊ တန်အားဖြင့် (၃၈၇၁) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၂၄၀၀)အိတ်၊ တန်အားဖြင့် (၁၂၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)