“ပဲတီစိမ်း(မိုးကြို)စိုက်ပျိုးမှုနှင့် စျေးနှုန်းအခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၅၇၆၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၄၄၉၇)ဧက၊ မြစ်သားမြို့နယ်တွင် (၈၄၁၁)ဧက၊စုစုပေါင်း(၁၈၆၆၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ပဲတီစိမ်း(မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည် ။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပြီး(၁)ဧကလျှင် မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုးစျေးနှုန်းအနေဖြင့် တစ်ပြည်လျှင် (၅၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခုနှစ်ပဲတီစိမ်း (မိုးကြို)စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ပဲတီစိမ်းအပင်များ အသီးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်စွာ ဖြစ်ထွန်းလျှက်ရှိကြောင်း၊ယခင်နှစ် ပဲတီစိမ်းအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်(၁၀-၁၂)တင်းထွက်ရှိကြောင်း၊ ယခင်နှစ်ပဲတီစိမ်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၅၀၀၀)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ပဲတီစိမ်း တစ်တင်းလျှင်(၆၁၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)