(၂၃-၅-၂၀၂၄) ရက်နေ့ထိ လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၂၂-၅-၂၀၂၄) ရက်နေ့မှ (၂၈-၅-၂၀၂၄) ရက်နေ့အထိဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်းတစ်ပိဿာလျှင် အနိမ့်ဆုံး ၃၀၀၀ကျပ်မှ အမြင့်ဆုံး ၈၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၉၅၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးခေါင်းပွတစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ကကတစ်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၁၆၀၀၀ ကျပ်၊ ငါးဖီးမတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၇၀၀၀ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၆၅၀၀ကျပ်၊ ငါးခုံးမတစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၄၅၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ပုစွန်(ကျော့) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ပုစွန်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးမျက်ကြယ်တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၅၀၀ကျပ်၊ ပီဇာတစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်၊ ငါးနှပ်(အာဗြဲခြောက်) တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၄၀၀၀ကျပ်၊ ကင်းမွန်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ရွှေငါးတစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာလျှင် ၃၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်တို့ရှိကြောင်း ရွှေပိတောက်ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)