စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေးရှိ စည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၂၃-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံစားကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်ရေး ကြပ်မတ်ဆောင်ရွက်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိကို ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများဖြစ်သော လမင်းဆန်ဆိုင်၊ စန်းဝေနိုင်ဆန်ဆိုင်နှင့် မြပွင့်ဖြူဆန်ဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း၌လည်း ၎င်းဆန်ဆိုင်များမှာ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)