သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/ စီးထွက်မှုအခြေအနေ

Powered by Drupal

     သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် မေလဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ မေလဒုတိယအပတ်တွင် သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၄၅၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၂၀၀)အိတ်ခန့်၊ စုစုပေါင်း(၅၇၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့်(၂၇၅) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခုမေလတတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၅၀)အိတ်ခန့်၊ စုစုပေါင်း(၅၂၅၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀)တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျှော့၍ စီးထွက်ခဲ့ပါသည်။

   သထုံခရိုင်အတွင်းသို့ မေလဒုတိယအပတ်တွင်ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၁၀၀)အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၃၀၀)အိတ်ခန့် တန်ချိန်အားဖြင့် (၁၁၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ ယခုမေလ၏ တတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀)အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀)အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀)အိတ်ခန့် တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

     သထုံခရိုင်အတွင်း၌ မေလတတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင်ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၅၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၃၃၀၀၀၀၀)ခန့်၊ ကမာကြည် (၂၈၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၉၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင်ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၅၅၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၄၈၀၀၀)ခန့်၊ ကမာကြည် (၁၀၇၀၀၀)ခန့်၊ ဧည့်မထ (၇၇၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါးဆန်ဈေးနှုန်းမှာအကျဘက်သို့ ဦးတည်ခဲ့ပြီး ဆန်ဈေးမှာယခင်အပတ်တိုင်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)