ရှမ်း(တောင်) ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်

Powered by Drupal

   ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်နှင့် တတိယအပတ်အတွင်း ရှမ်း(တောင်) ဒေသထွက်သီးနှံဈေးနှုန်းဈေးကွက်များ အတက်အကျနှင့်လှုပ်ခတ်မှုများ၊ ဈေးနှုန်းကွာခြားချက်များ၊ ဈေးကွက်လိုအပ်ချက်အရ စီးဆင်းမှုများဖြစ်ပေါ်နေခဲ့ပါသည်။

              ပြောင်းသီးနှံမှာ မေလ၁၆ရက်ရက်နေ့တွင် (၉၀၀-၉၁၀)ကျပ်ဖြစ်ခဲ့ပြီး မေလ၂၁ရက်နေ့ (တတိယပတ်) အတွင်း ၁၁၁၅ကျပ်ထိမြင့်တက်လာသည်။ ယခုကဲ့သို့ တောင်သူလက်ကျန်နည်းပါးချိန်တွင် ဈေးနှုန်းမှာ ဝယ်လက်ပေါ်မူတည်နေပါသည်။ ပြောင်းအဝင်ပါး၍ ဈေးနှုန်းငြိမ်နေစဉ် ဝယ်လက်ကျ၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပေသည်။ ကြက်သွန်ဖြူသီးနှံသည်လည်းအဝင်ပါးနေပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ကွာခြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်

အမျိုးအစား

မေလ (၁၆) ရက်

ဒုတိယအပတ်

မေလ(၂၃)ရက်  တတိယအပတ်

ထူး၁

၇၀၀၀

၈၅၀၀

ထူး၂

၇၈၀၀

၉၀၀၀

ထူး၃

၈၀၀၀

၁၀၀၀၀

ထူး၄

၈၅၀၀

၁၁၀၀၀

ထူး၅

၉၂၀၀

၁၁၅၀၀

ထူးလွန်

၉၅၀၀

၁၁၇၀၀

           ကြက်သွန်ဖြူတစ်ပိဿလျှင် တစ်ပတ်အတွင်း ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်ခန့်အထိ ဈေးနှုန်းမြင့်လာပါသည်။ ရှမ်း(တောင်) ကြက်သွန်ဖြူဈေးမြင့်တက်လာရခြင်းမှာ တောင်သူလက်ကျန်ကုန်စည်ကို ခေါ်ဈေးအမြင့်ဖြင့် ဝယ်ယူရန်ဖြစ်၍ ကုန်စည်ရှားချိန် ဈေးကွက်လိုအပ်ချက်အရ ဈေးဆက်တက်ဖို့ရာ အလားအလာရှိနေပါသည်။ စီးဆင်းမှုပါးနေဦးမည်ဖြစ်ပါသည်။ ဒေါင်းဥ(ခေါ်) ဥတလုံးဈေးမှာ ၂၃၀၀ဝိ/-ကျပ်မှ ၂၅၀၀ဝိ/-ကျပ်ခန့်ဖြင့် ဈေးငြိမ်နေပါသည်။

          ယခုမေလ တတိယပတ်၌ ရှမ်း(တောင်) အာလူးသီးနှံဈေးနှုန်းများမှာ ယခင်ဒုတိယပတ်နှင့်ကွာခြားချက်ကို အောက်ပါဇယားဖြင့် ဖော်ပြလိုက်ရပါသည်-

စဉ်

အာလူးအမျိုးအစား

မေလ (၁၆) ရက် ဒုတိယအပတ်

မေလ(၂၃)ရက်  တတိယအပတ်

ခြားနားချက်

မျက်နီ   S1 S2 ရော

၂၃၀၀

၂၅၀၀

၂၀၀

မျက်နီ  S1

၂၂၀၀

၂၃၀၀

၁၀၀

မျက်နီ OK

၂၀၀၀

၂၂၀၀

၂၀၀

ဆွဲသီး

၁၈၀၀

၁၈၀၀

-

ဂေါ်လီ

၁၂၀၀

၁၂၀၀

-

မာကစ် S1 S2 (အကြော်)

၂၄၀၀

၂၆၀၀

၂၀၀

         အာလူးဈေးကွက်အနေဖြင့် ဈေးနှုန်းကွာခြားချက်မများသော်လည်း ကုန်စည်ဝင်ရောက်မှုအရ ဈေးနှုန်းခပ်ပါးပါးမြင့်တက်လာနိုင်ပါသည်။ ယခုအပတ်ဂျင်းသီးနှံဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ၈၀၀၀ကျပ်မှ ၈၅၀၀ကျပ်ဈေးပေါက်နေပါသည်။ ဈေးကွက်ဝယ်လက်ပါးနေပြီး အဝင်ပါး၍ ဈေးနှုန်းရော စီးဆင်းမှုပါတည်ငြိမ်နေမည်ဖြစ်ပါသည်။ တောင်ပိုလနှင့် ဆင်တောင်နနွင်းဈေးနှုန်းများမှာမြင့်တက်နေပြီး ၁၂၀၀၀ကျပ်နှင့် အလတ်စ ၁၁၅၀၀ကျပ်‌ဈေးပေါက်နေပါသည်။ အဝယ်ရော စီးဆင်းမှုပါ နည်းပါးနေပါသည်။

          ယခုမေလ၊ ဒုတိယအပတ်၌ ရှမ်း(တောင်)ကုန်စိမ်းသီးနှံများတွင် ခရမ်းချဉ်မှာ ဂွတ်ရှယ်သီး ၁၉၀၀ကျပ်၊ ရှယ်သီး ၁၄၀၀ကျပ်နှင့် အသေးမှာ ၁၂၀၀ကျပ်ဖြစ်ပြီး ယခုတတိယအပတ်တွင် ဂွတ်ရှယ်သီး ၃၂၀၀ကျပ်၊ ရှယ်သီး ၃၀၀၀ကျပ်နှင့် အသေးမှာ ၂၈၀၀ကျပ်သို့မြင့်တက်လာပါသည်။ ခရမ်းချဉ်ဈေးကွက်မှာ ရေခြံစိုက်သူတောင်သူများ၊ ရေထွက်/စမ်းချောင်းများနှင့်နီးသော စိုက်ပျိုးတောင်သူများ ပထမပိုင်းတွင် အရှုံးပေါ်သဖြင့် ဈေးကွက်နှင့်အရင်းအနှီးပေါ်မူတည်၍ စိုက်အင်အားလျော့ကျခဲ့ပါသည်။ယခုကဲသို့သောကြားကာလတွင် ကုန်စည်ရှားပါးနေပြီး မိုးရွာသွန်းမှုလည်းနောက်ကျသဖြင့် နောက်အပတ်တွင်လည်း ဈေးအမြင့်ဖြင့် လည်ပတ်နေအုံးမည်ဖြစ်ပါသည်။

        ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီနှင့်ပန်းပွင့်မှာ ယခင်အပတ်၌ ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုမေလ တတိယပတ်အတွင်း ဂေါ်ဖီ ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်သို့လည်းကောင်း၊ ပန်းပွင့်မှာ ၁၇၀၀ကျပ်မှ ၁၉၀၀ကျပ်သို့လည်းကောင်း ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ကုန်စည်ရှားပါးချိန်နှင့် ဈေးကွက်လိုအပ်ချက်မမျှသော ယခုကဲ့သို့သော ကြားကာလတွင် ဈေးနှုန်းမြှင့်တက်မှုမှာ နောက်စိုက်ဂေါ်ဖီပေါ်ချိန် ဇွန်လကုန်ခန့်မှသာ ဈေးနှုန်းကျဆင်းလာနိုင်ပါသည်။

   မုန်ညှင်းမှာ ယခင်အပတ်၌ (၃၃၀၀-၃၇၀၀) ကျပ်မှ ယခုအပတ်တွင် (၂၂၀၀-၂၅၀၀) ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။ ဘိုစားပဲလုံးသည် ယခင်အပတ်တွင် (၄၇၀၀-၅၀၀၀) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၅၀၀-၃၀၀၀)ကျပ်ခန့်သာရှိတော့သည်။ ဖရုံသီးဈေးနှုန်းမှာ မပြောင်းဘဲ ၉၀၀ကျပ်၊ ရွှေပဲမှာ ယခင်အပတ်တွင် ၁၈၀၀၀ကျပ်ခန့်မှ ယခင်အပတ်တွင် ၁၄၀၀၀ကျပ်ခန့်သာရှိရာ ၄၀၀၀ကျပ်ခန့်ဈေးကျလာပါသည်။ ရွှေပဲနှင့် ငရုတ်ပွသီးနှံမှာ  သီးနှံအဝင်နှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဈေးနှုန်းအတက်အကျများပါသည်။ ငရုတ်ခြောက်သီးနှံများမှာလည်း အညာဒေသငရုတ်ခြောက်များပေါ်သဖြင့် ဈေးနှုန်းကျလာပြီး (၈၅၀၀- ၉၀၀၀) ကျပ်ခန့်ဈေးပေါက်နေပါသည်။ ငရုတ်စို၊ ငရုတ်ခြောက် ပြင်ပဝယ်လက်ရှိသဖြင့် ဈေးဆက်လက်တန့်နေအုံးမည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)