တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးနှင့်တာဝန်ရှိ ဝန်ထမ်းများသည် ၂၄.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက ပထမဦးစွာ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေတွင် အခန်း (၂၅)ခန်းနှင့် ပုဒ်မ(၈၃)ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများကိုလည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်၊ ကော်မရှင်/ကော်မတီဖွဲ့စည်းခြင်း၊ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ရာ ဆွေးနွေးပွဲသို့ (၁၂)ဦးတက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)