တောင်ငူဒေသတွင် ဒေသငါး၊ မွေးမြူရေးငါးတို့ ပေါများ

Powered by Drupal

     မိုးဦးကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မြစ်ချောင်းအင်းအိုင်များတွင် ငါးများ ပေါများလာပါသည်။ တောင်ငူမြို့ ငါးလုပ်ငန်းဦးစီးဌာနရှိ ငါးကန်များကို လေလံတင်ရောင်းချရာ လေလံဆွဲသူ များပြားလျက် ရှိပါသည်။ ငါးဒိုင်များတွင် လက်ကားဝယ်ယူသူများသကဲ့သို့ တစ်ဆင့်ပြန်လည်ရောင်းချသည့် လက်လီသမားများ၊ ငါးရောင်းသူများဖြင့် စည်ကားလျက်ရှိပါသည်။

      မိုးရာသီတွင် ငါးများဈေးပေါသဖြင့် ပေါများစွာ စားသုံးနိုင်ပါသည်။ ငါးအလွန် ရောင်းရသည့် ကာလဖြစ်သဖြင့် ငါးဒိုင်များ ငွေရွှင်သည့်ကာလလည်း ဖြစ်ပါသည်။ တောင်ငူမြို့ရှိ ညောင်ပင်လေးဈေး၊ ဘုရားဈေး၊ ဝက်ကုန်းဈေးစသည့် ဈေးများတွင် ငါးများကို ကြိုက်နှစ်သက်သည့် အရွယ်အစား၊ အလေးချိန်ပမာဏအလိုက် ဝယ်ယူနိုင်ပါသည်။

      ၂၀၂၄ခုနှစ် မေလနောက်ဆုံးအပတ်တွင်ငါးကြင်း တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ငါးဥ(ငါးကြင်းဥ) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း တောင်ငူမြို့ ဈေးများရှိ ငါးအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)