တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နွေစပါးရိတ်သိမ်းပြီးစီး

Powered by Drupal

     တောင်ငူခရိုင် ထန်းတပင်မြို့နယ်သည် မိုးစပါးအပြင် သီးထပ်အဖြစ် ပဲမျိုးစုံနှင့် နွေစပါးများကို အောင်မြင်စွာ စိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ ယခု၂၀၂၄နှစ် နွေစပါးရာသီတွင် နွေစပါး ၁၅၈၇ ဧက စိုက်ပျိုးခဲ့ရာ မေလနောက်ဆုံးအပတ်တွင် စိုက်ဧက အားလုံးရိတ်သိမ်းပြီးစီးပြီး ဖြစ်ပါသည်။

     သက်ဆိုင်ရာဌာနများမှ ရရှိသော စာရင်းဇယားများအရ တစ်ဧကလျှင် ၁၁၀ တင်းထွက်ရှိကြောင်း သိရပါသည်။ စပါးဈေးနှုန်းအနေဖြင့် တင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ရှိပါသည်။ နွေစပါးစိုက် တောင်သူများအနေဖြင့် တစ်ဧကလျှင် ကျပ် ၆ သိန်းမှ ၇ သိန်းအထိ ရရှိကြောင်း၊ နွေစပါးစိုက် တောင်သူများ အဆင်ပြေကြောင်း သိရပါသည်။

DOCA(ပဲခူး)