![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၆၀_2.jpg?itok=54PTKMep)
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန် အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မေလ (၂၁) ရက်နေ့မှ မေလ (၂၇) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၇၈၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၁၂၀၀၀)ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၁၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ မြင်းခြံကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အသန်တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၃၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၄၀၀၊ ရွှေဘိုကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၄၀၀နှင့် ရှယ်တစ်ပိဿာလျှင် ကျပ်၂၅၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)