ပြည်မြို့နယ်ဒေသထွက်ကြက်ဟင်းခါးသီး

Powered by Drupal

       ကြက်ဟင်းခါးသီးပင်သည် ပူနွေးသောရာသီကို ကြိုက်နှစ်သက်သလို အေးသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ကြက်ဟင်းခါးသီးကို စိုက်ပျိုးရာတွင် ရောဂါကင်းစင်ပြီး ရင့်မှည့်သော အသီးများမှ အစေ့များကို တိုက်ရိုက်စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် (၂)ပေခွာပြီး စိုက်ပျိုးရပါသည်။ ကြက်ဟင်းခါးသီးပင် စတင်စိုက်ပျိုးပြီး အပင် သက် (၂)လခွဲမှာ (၃)လကြာလျှင် အသီးများခူးဆွတ်ရပြီး အသီးများခူးဆွတ်ရာတွင် အသီးများကို မရင့်မှည့်မီ တစ်ရက်ခြားတစ်ကြိမ် ဆွတ်ခူးရပါသည်။ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ ပိဿာ (၃၀)ခန့် ထွက်ရှိပါသည်။ ကြက်ဟင်းခါးသီးအများအပြား စိုက်ပျိုးထွက်ရှိရာ ဒေသမှာ ပြည်မြို့နယ်အနီးရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသော ကြက်ဟင်းခါးသီးများကို ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် လက်လီ/လက်ကားရောင်းချပြီး ရန်ကုန်မြို့ရှိ ဈေးများသို့ တင်ပို့ရောင်းချ ကြောင်းသိရပါသည်။ ယခုကာလဖြစ်သော မေလတတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းချသော ကြက်ဟင်းခါးသီးဈေးများမှာ တစ်လုံးလျှင် ၁၀၀-၁၅၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)