ရွှေတောင်မြို့နယ်ရှိ မြကျောက်သရက်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ ကသစ်တိုင်းကျေးရွာတွင် မြကျောက်သရက်သီးများစိုက်ပျိုးထားရှိသဖြင့် (၂၇.၅.၂၀၂၄)ရက်နေ့ ၊နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက်ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ သွားရောက်ကွင်းဆင်းလေ့လာရာတွင် မြကျောက်သရက်ခြံပိုင်ရှင် ဦးကျော်ဝင်းမှ သရက်သီးကို တို့၍စားရသည့် အရွယ်မှစ၍ ဝင်ငွေရရှိပြီး တစ်လုံးကို ၂၀၀/၃၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ မြကျောက်သရက်သီးအမှည့်ကို ဧပြီလမှစတင်၍ခူးဆွတ်ရပြီး ပေါ်ခါစတွင် တစ်လုံးကို ၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ မြကျောက်သရက်သီးမှာ တစ်ပင်လျှင် အလုံး ၄၀၀ မှ ၅၀၀အထိ ခူးဆွတ်ရရှိပြီး သရက်သီးမှည့်လာလျှင် ရောင်းချရသောဈေးကွက်မှာ ရွှေတောင်မြို့နယ်အတွင်းနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ မြကျောက် သရက်သီးမှည့်ကို စားသုံးခြင်းအတွက်အပြင် လက်ဆောင်ပေးခြင်းများအတွက် ဝယ်ယူကြပါသည်။ မြကျောက်သရက်သီးမှာ အစိမ်းမှစ၍ အမှည့်အထိ ဝင်ငွေရရှိသာ သီးနှံဖြစ်၍ စိုက်ပျိုးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)