“ငှက်ပျောများစတင်စိုက်ပျိုး”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးသော သီးနှံများအနက် ငှက်ပျောသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြပါသည်။ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၂၈၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၇၅၀)ဧက၊ မြစ်သားမြို့နယ်တွင် (၉၀၁)ဧက၊ စုစုပေါင်း(၂၉၃၃)ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မြစ်သားမြို့နယ်တွင် အများဆုံးစိုက်ပျိုးသောကျေးရွာများမှာ ရွှေလောင်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာနှင့် ကံဆွယ်ကျေးရွာများတွင် ငှက်ပျောအစိုက်များကြောင်း၊ ငှက်ပျောတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုးဖြစ်သော ငှက်ပျောစို့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅)သိန်းကျပ်ကုန်ကျကြောင်း၊ ငှက်ပျောစိုက်ပျိုးပြီး မိုးများကောင်းမွန်စွာရွာသွန်းသောကြောင့် အပင်များတတ်ညီ၊ ရွက်ညီထွက်ရှိပြီး အပင်များကောင်းစွာရှင်သန်လျက်ရှိကြောင်း၊ ငှက်ပျောတစ်ဧကအထွက်နှုန်းအနေဖြင့် အခိုင် (၈၀၀)   ထွက်ရှိကြောင်း၊ ယခင်နှစ်ငှက်ပျောအခိုင် (၄၀)ပါ လှည်းတစ်စီးလျှင် (၄၀၀၀၀၀)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ငှက်ပျောတစ်ဖီးလျှင် လက်ရင်း (၂၈၀၀)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၂၃၀၀)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ ငှက်ပျောခြံ‌‌ဟောင်း အခိုင်(၄၀)ပါ လှည်းတစ်စီးလျှင် (၃၈၀၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုလက်ရှိ ငှက်ပျောလက်ရင်းတစ်ဖီးလျှင် (၂၅၀၀)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်းနှင့် ငှက်ပျောဈေးများကောင်းမွန်သောကြောင့် ယခင်နှစ်တွင် အကျိုးအမြတ်များရရှိခဲ့ပြီး ယခုငှက်ပျော‌ပေါ်ချိန်တွင်လည်း ဈေးနှုန်းများဆက်လက်ကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)