တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ မေလ (၂၈)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၃၅၀၀အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၁၀၀၀မှ ကျပ်၃၅၀၀အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၁၅၀၀မှ ကျပ်၃၀၀၀အတွင်း၊ အာလူးတစ်ပိဿာ)ကျပ်၁၈၀၀မှ ကျပ်၂၅၀၀အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်၁၅၀၀မှ ကျပ်၂၀၀၀အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၉၀၀မှ ကျပ်၁၀၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၅၀၀မှ ကျပ်၅၀၀အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၆၀၀၀အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်၁၄၀၀မှ ကျပ်၂၂၀၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်၈၀၀၀မှ ကျပ်၁၁၀၀၀အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၁၁၀၀၀မှ ကျပ်၁၁၅၀၀အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်၈၅၀၀မှ ကျပ်၉၀၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၃၀၀မှ ကျပ်၄၀၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၈၀မှ ကျပ်၁၂၀အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ်၂၂၀၀မှ ကျပ်၃၀၀၀အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်၅၀မှ ကျပ်၁၅၀အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၄၅၀၀အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ်၃၅၀၀မှ ကျပ်၆၅၀၀အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း၌ သံပရာသီးအလုံးပေါင်း (1184400)ကျော်၊ ခရမ်းသီး(ရှည်) ပိဿာပေါင်း (21770)ကျော်၊ ဘူးသီးအလုံးပေါင်း (15010) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (7622)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (46100)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (23870)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (12840)ကျော်၊ ဖရဲသီးလုံးပေါင်း (28050) ကျော် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)