ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ၂၀၂၄ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ မေလ(၂၈) ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၁၅၅၀မှ  ကျပ်၃၅၀၀၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်၂၀၀မှ  ကျပ်၃၀၀၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၁၄၀၀မှ ကျပ်၄၀၀၀၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၁၅၀၀မှ ကျပ်၂၀၀၀၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်၁၅၀၀မှ  ကျပ်၂၆၀၀၊ ခဝဲသီးတစ်တောင့်လျှင် ကျပ်၃၀၀မှ  ကျပ်၆၀၀၊ ဂျူးမြစ်တစ်ပိဿာလျှင် ကျပ်၁၅၀၀မှ ကျပ်၂၀၀၀၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်၂၀၀၀မှ  ကျပ်၅၀၀၀၊ ပဲသီးတစ်စည်းလျှင် ကျပ်၁၀၀၀မှ ကျပ်၁၅၀၀၊ ကန်စွန်းရိုးနီတစ်စည်းလျှင် ကျပ်၁၅၀မှ ကျပ်၂၅၀၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၅၀၊ ဗုံလုံသီးတစ်တောင့်လျှင် ကျပ်၃၀၀မှ  ကျပ်၅၀၀၊ သံပရာသီးတစ်လုံးလျှင် ကျပ်၁၀၀မှ  ကျပ်၂၀၀၊ ကင်ပွန်းချဉ်တစ်စည်းလျှင် ကျပ်၁၀၀မှ  ကျပ်၂၀၀၊ ငရုတ်အာဝါးသီးတစ်တောင့်လျှင် ကျပ်၁၀၀မှ ကျပ်၁၅၀၊ ကြက်ဟင်းခါးသီးတစ်လုံးလျှင် ကျပ်၂၀၀မှ ကျပ်၄၀၀၊ ရှမ်းနံနံတစ်စည်းလျှင် ကျပ်၁၅၀မှ ကျပ်၂၀၀၊ ပင်စိမ်းတစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၁၅၀၊ ရွှေဖရုံသီး(ကြီး/လတ်/သေး)တစ်လုံးလျှင် ကျပ်၁၀၀၀မှ ကျပ်၃၀၀၀၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်၁၀၀၀ မှ ကျပ်၂၅၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၈၀၀မှ ကျပ်၃၀၀၀၊ ဂွေးတောက်ရွက်တစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၀၀၊ ရုံပတီသီးတစ်တောင့်လျှင် ကျပ်၃၀မှ ကျပ်၅၀၊ ခရမ်းကျွတ်သီးတစ်လုံးလျှင် ကျပ်၃၀မှ ကျပ်၅၀၊ ပဲစောင်းလျားသီးတစ်ပိဿာလျှင် ကျပ်၁၇၀၀မှ ကျပ်၃၀၀၀၊ ရွှေပဲသီးတစ်ပိဿာလျှင် ကျပ်၁၅၀၀၀မှ ကျပ်၁၈၀၀၀၊ ငရုတ်ပွတစ်ပိဿာလျှင် ကျပ်၄၀၀၀မှ ကျပ်၅၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်၃၀၀၀မှ ကျပ်၄၀၀၀၊ ဘိုစားပဲတစ်ပိဿာလျှင် ကျပ်၄၀၀၀မှ ကျပ်၇၀၀၀၊ ကိုက်လန်တစ်စည်းလျှင် ကျပ်၅၀၀မှ ကျပ်၆၀၀၊ တရုတ်နံနံတစ်စည်းလျှင် ကျပ်၅၀၀မှ ကျပ်၁၀၀၀၊ ဗမာနံနံတစ်ပိဿာလျှင် ကျပ်၈၀၀၀မှ ကျပ်၁၀၀၀၀၊ မျှစ်တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၃၀၀၀၊ တရုတ်ကန်စွန်းတစ်စည်းလျှင် ကျပ်၂၅၀မှ ကျပ်၄၀၀၊ ဆူးပုတ်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀၊ ဟင်းနုနွယ်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၄၀၀၊ ပြောင်းဖူးတစ်ဖူးလျှင် ကျပ်၃၀၀မှ ကျပ်၅၀၀၊ မုန့်ညှင်းရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီးကုန်ချိန်ပိဿာ (၅၀၀)ကျော်၊ ငရုတ်ပွကုန်ချိန်ပိဿာ (၈၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (၄၀၀၀)ကျော်၊ ရွှေဖရုံသီးကုန်ချိန်ပိဿာ (၃၀၀၀)ကျော်၊ နံနံပင်ကုန်ချိန်ပိသာ (၄၀၀)ကျော် အသီးသီးအဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)