အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးသလောက်ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်တို့ကို မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိသော မြစ်ငါး၊ ပုဇွန်ဈေးနှုန်းများမှာ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ငါးတန်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကွန်မှန်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးဘတ်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးသ လောက်(အကောင်အလတ်) (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ပုဇွန်(အကောင်အကြီး)(၁)ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးယင်ပေါင်စာ(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးနှုူန်းများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် မြစ်ငါးသလောက်(၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးမြင့်တက်လာပြီး ကျန်ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။  ယခုအချိန်တွင် မိုးတွင်းကာလနီးလာပြီဖြစ်သောကြောင့် မြစ်ငါးများရှားပါးလာပြီဖြစ်၍  ငါးသလောက်ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်း ငါးရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)