တောင်ငူမြို့တွင် ကြက်သွန်နီဈေးကျ၊ ကြက်သွန်ဖြူဈေးတက်ပြီး အခြားအခြေခံစားကုန်များဈေးငြိမ်

Powered by Drupal

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သောမြေပဲဆီမှာ ဧပြီလကအတိုင်း တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

   ကြက်သွန်နီမှာ မေလဆန်းပိုင်းက တစ်ပိဿာလျှင် အသေး ၂၂၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်၊ အကြီး ၂၆၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

   ကြက်သွန်ဖြူမှာ မေလဆန်းပိုင်းက ၈၅၀၀ကျပ်၊ အလတ် ၉၀၀၀ကျပ်၊ အကြီး ၁၁၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် ကြက်သွန်ဖြူအသစ်များ ပေါ်လာပြီဖြစ်သဖြင့် တစ်ပိဿာလျှင်အသေး ၁၀၀၀၀ကျပ်၊ အလတ် ၁၂၀၀၀ကျပ်၊ အကြီး ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ကြောင်းသိရပါသည်။

    အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၄၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ ငရုပ်သီးခြောက်အပု/ အရှည်မှာ ယခုလဆန်းပိုင်းက တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ မြေပဲဆံ (အဖြူ/အနီ)မှာ ၇၆၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ကုလားပဲခြမ်းမှာ ဧပြီလကတစ်ပိဿာလျှင် ၆၂၀၀ကျပ်မှ ၆၅၀၀ကျပ်အထိ ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)