ရေးမြို့နယ်ရှိ ဒေသထွက်ဒူးရင်းသီးများ စိုက်ပျိုးထွက်ရှိမှု

Powered by Drupal

     ရေးမြိုနယ်သည် မွန်ပြည်နယ်၏ တောင်ဘက်အစွန်းတွင်ရှိသောမြို့နယ်တစ်ခုဖြစ်သည်။ သီးစုံဥယျာဥ်ခြံများပေါများပြီး ဒူးရင်းသီးစိုက်မျိုးထုတ်လုပ်မှုတွင်လည်း အဓိကကျသော မြို့တစ်မြို့ဖြစ်သည်။ ရေးမြို့နယ်တွင် ဒူးရင်းသီး စိုက်ဧရိယာ(၂၃၄၄)ဧကရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၄၇၈) လုံးထွက်ရှိရာ စုစုပေါင်းထွက်ရှိမှု  (၅၈၀၈၄၃၂) လုံးထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

    ရေးမြို့နယ်မှထွက်ရှိသည့် ဒူးရင်းသီးများသည် ဒေသမျိုးများဖြစ်၍ အရသာကောင်းပြီး စားသုံးသူများကြိုက်နှစ်သက်ကြသဖြင့် မြို့နယ်အသီးသီးမှကုန်သည်များ လာရောက်၀ယ်ယူပြီး မော်လမြိုင်၊ရန်ကုန်၊မန္တလေးမြို့ကြီးများသို့တင်ပို့ရောင်းချလျက်ရှိသည်။ မြို့နယ်အတွင်း၌လည်း အ၀ယ်ဒိုင်များဖွင့်လှစ်လျက်ရှိသဖြင့် ခြံရှင်များအနေဖြင့် အလွယ်တကူလာရောက် ရောင်းချနိုင်ကြောင်း သိရှိရသည်။ 

    ဒူးရင်းသီးထွက်ရှိချိန်မှာ ဧပြီလမှဇွန်လအကုန်ထိဖြစ်ပြီး ဧပြီလပိုင်းထွက်သည့်ဒူးရင်းသီးများမှာ တစ်လုံးလျှင် ပျမ်းမျှ၈၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိရရှိပြီး မေလတွင် တစ်လုံးပျမ်းမျှဈေးနှုန်းမှာ ၆၀၀၀ကျပ်မှ ၉၀၀၀ကျပ်အထိရရှိကြောင်း ခြံရှင်များထံမှ သိရှိရပါသည်။ ယခုကဲ့သို့ ဒူးရင်းသီးများ စျေးကောင်းများရရှိသဖြင့် ခြံရှင်များအနေဖြင့် အကျိုးအမြတ်များခံစားရကြောင်း သိရှိရပါသည်။

DOCA(မွန်)