![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17_16.jpg?itok=2FQX9KVz)
၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးအပတ်သည် သီးနှံများတောင်သူလက်ကျန်ပါးချိန်ဖြစ်သဖြင့် အောက်မြန်မာပြည်ဈေးကွက်တွင် လိုအပ်ချက်မြင့်မားနေပြီး သီးနှံမျိုးစုံဈေးမြင့်လျက်ရှိပါသည်။ ရောင်းသူဝယ်သူများဈေးနှုန်းမြင့်သဖြင့် အရင်ကထက်ကုန်ဖိုးနှစ်ဆခန့်ရင်းနှီးနေရပါသည်။ ပြောင်းသီးနှံမှာလဆန်းပိုင်းတွင် ၉၀၀-၉၁၀ကျပ်မှ ယခုတတိယပတ်နှင့်နောက်ဆုံးအပတ်တွင် ၁၁၁၅ကျပ်ထိဈေးမြင့်လာသော်လည်းတောင်သူလက်ကျန်နည်းချိန် လှောင်လက်များသာထုတ်ရောင်းနေသည့်အတွက် စီးဆင်းမှုပါးနေအုံးမည်ဖြစ်ပါသည်။
ရှမ်း(တောင်)ကြက်သွန်ဖြူသီးနှံမှာလည်း မေလတတိယအပတ်နှင့် နောက်ဆုံးအပတ်ကွာခြားချက်မှာ -
စဉ် |
အမျိုးအစား |
မေ(၂၃)ပေါက်ဈေး (ကျပ်) |
မေ(၂၉) ပေါက်ဈေး (ကျပ်) |
ကွာခြားချက် (ကျပ်) |
၁ |
ထူး ၁ |
၈၅၀၀ |
၉၅၀၀ |
၁၀၀၀ |
၂ |
ထူး ၂ |
၉၀၀၀ |
၉၇၀၀ |
၇၀၀ |
၃ |
ထူး ၃ |
၁၀၀၀၀ |
၁၀၃၀၀ |
၃၀၀ |
၄ |
ထူး ၄ |
၁၁၀၀၀ |
၁၁၂၀၀ |
၂၀၀ |
၅ |
ထူး ၅ |
၁၁၅၀၀ |
၁၁၅၀၀ |
- |
၆ |
ထူးလွန် |
၁၁၇၀၀ |
၁၁၇၀၀ |
- |
ရှမ်း(တောင်) ကြက်သွန်ဖြူ တစ်ပိဿလျှင် ၂၀၀မှ ၁၀၀၀ကျပ်အထိဈေးမြင့်လာပါသည်။ တီကျစ်၊ နောင်တရားဖက်မှ ကြက်သွန်ဖြူအဝင်ပါးလာပြီး စီးဆင်းမှုနည်းပါးနိုင်ပါသည်။ဈေးကွက်လိုအပ်ချက်မြင့်မားလာသဖြင့် ဇွန်လဆန်းဈေးနှုန်းခပ်ပါးပါးတက်နေအုံးမည်ဟုသုံးသပ်မိပါသည်။
မေလနောင်ဆုံးအပတ်နှင့် တတိယအပတ်အကြား အာလူးသီးနှံများဈေးနှုန်းခပ်ပါးပါးတက်လာပါသည်။ မျက်နီ S1 S2 ဆိုဒ်နှင့် အကြော်သီးများ S1 S2ဆိုဒ်သာဈေးမြင့်ပြီး Okဆွဲဂေါ်လီဆိုဒ်များကို ဈေးနှုန်းကွာခြားချက် ၂၀၀ကျပ်ခန့်နှင့် ရောင်းဝယ်လျက်ရှိပါသည်။
စဉ် |
အမျိုးအစား |
မေ(၂၃)ပေါက်ဈေး (ကျပ်) |
မေ(၂၉) ပေါက်ဈေး (ကျပ်) |
ကွာခြားချက် (ကျပ်) |
၁ |
မျက်နီ S1 S2ရော |
၂၅၀၀ |
၂၈၀၀ |
၃၀၀ |
၂ |
မျက်နီ S1 |
၂၃၀၀ |
၂၆၀၀ |
၃၀၀ |
၃ |
မျက်နီ Ok |
၂၂၀၀ |
၂၄၀၀ |
၂၀၀ |
၄ |
A1ဆွဲသီး |
၁၈၀၀ |
၂၀၀၀ |
၂၀၀ |
၅ |
ဂေါ်လီ |
၁၂၀၀ |
၁၂၀၀ |
- |
၆ |
မားကစ် S1 S2ကြော် |
၂၆၀၀ |
၂၉၀၀ |
၃၀၀ |
အာလူးသီးနှံမှာ ဈေးနှုန်းကွာခြားချက်မများလှသော်လည်း ကုန်စည်ဝင်ရောက်မှုကိုမူတည်၍ ဈေးနှုန်းမှာဇွန်လဆန်းအထိ မာနေအုံးမည်ဟုသိရပါသည်။ ချင်းသီးနှံမှာဝယ်လက်ပေါ်မူတည်၍ ဈေးနှုန်းနှင့်စီးဆင်းမှုဖြစ်ပေါ်နေရာဈေးဆက်လက်တည်ငြိမ်နေအုံးမည်ဖြစ်ပါသည်။ နနွင်းသီးနှံမှာ ဆင်တောင်နှင့် တောင်ပိုလနနွင်းများသာဈေးကောင်းနေပြီး ၁၁၀၀၀ - ၁၁၅၀၀ကျပ် ဖြစ်၍ အောက်စမှာ ၇၀၀၀ကျပ်ခန့် ဈေးဖွင့်ထားပါသည်။
ယခုမေလနောက်ဆုံးအပတ် ကုန်စိမ်းသီးနှံများတွင် ဈေးနှုန်းအတက်အကျစုံလင်ခဲ့ပါသည်။ ခရမ်းချဉ်မှာ ဂွတ်ရှယ် ၃၂၀၀ကျပ်၊ ရှယ်သီး ၃၀၀၀ကျပ်နှင့် အသေး၂၈၀၀ကျပ်အထိ တတိယပတ်တွင်ဈေးပေါက်ခဲ့ပြီး မေလနောက်ဆုံးပတ်တွင် ဂွတ်ရှယ် ၂၄၀၀-၂၈၀၀ကျပ်၊ ရှယ်သီး ၂၀၀၀-၂၃၀၀ကျပ် ဈေးဖွင့်ခဲ့ရာ၄၀၀ကျပ်ခန့်ဈေးကျလာပါသည်။ အစိမ်းသီးကျင်းသူများဈေးကွက်လိုအပ်ချက်အရလှုပ်ရှားနေသဖြင့် ဈေးနှုန်းတန့်နေအုံးမည်ဖြစ်ပါသည်။
ကုန်စိမ်းသီးနှံများတွင်ဂေါ်ဖီမှာယခင်တစ်ပတ်အတိုင်း ဈေးနှုန်းမပြောင်းဘဲ ၂၀၀၀-၂၂၀၀ကျပ်ရှိပြီး ပန်းပွင့်မှာ ၁၇၀၀-၁၉၀၀ကျပ်မှ ၁၀၀၀-၁၂၀၀ကျပ်အထိ ဈေးကျလာပါသည်။ ဘိုစားပဲလုံးသည် ၂၅၀၀-၃၀၀၀ခန့်မှ ၂၂၀၀-၂၅၀၀ကျပ်ခန့် ဈေးကျလာပါသည်။ရွှေပဲမှာ ယခင်တပတ် ၁၄၀၀၀ကျပ်ခန့် ဈေးပေါက်ရာမှ ယခုလကုန်ပိုင်းတွင်၈၅၀၀-၁၀၀၀၀ကျပ်ခန့်သာရှိတော့သည်။ ရှမ်းငရုတ်ခြောက်အသွယ်စမှာ ၉၂၀၀ခန့်နှင့် ရှမ်းငရုတ်ခြောက်အပွမှာ ၇၀၀၀ကျပ်ခန့်သာ ဈေးရှိတော့သည်။ တစ်ပိဿာဈေးမကွာသော်လည်း ပြင်ပဝယ်လက်ရှိလာပါက တက်ဈေးဖြစ်လာနိုင်ကြောင်းသိရှိရပါသည်။ မည်သို့ပင်ဆိုစေကာမှု ရှမ်းတောင်သီးနှံများ ဈေးကွက်လိုအပ်ချက်နှင့်သီးနှံလက်ကျန်ပေါ်မူတည်၍ ဈေးနှုန်းလှုပ်ခတ်နေအုံးမည်ဖြစ်ပါသည်။
DOCA(ရှမ်း)