ကန့်ဘလူမြို့နယ်အတွင်း မေလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

   ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်းပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသောသီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများအဝင်/အထွက် တင်းများ၏ အရောင်းအဝယ်ဖြစ်မှအခြေအနေများမှာ ကုလားပဲ v2(၃၆၇.၅)တင်း ဈေးနှုန်း မှာ(၈၃၀၀၀)ကျပ်၊ ကုလားပဲ ၉၂၉(၂၇၅၄)တင်းဈေးနှုန်းမှာ (၈၀၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ်(၂၂၀.၅)တင်း ဈေးနှုန်းမှာ(၇၃၀၀၀)ကျပ်၊ မတ်ပဲ ထွက်တိုး အမျိုးအစား(၁၄၅၂)တင်း ဈေးနှုန်းမှာ(၉၇၀၀၀)ကျပ်၊  မတ်ပဲ ဂျပန်အမျိုးအစား(၂၉၅.၅)တင်း ဈေးနှုန်းမှာ(၉၄၀၀၀)ကျပ်၊ ပဲတီစိမ်း(၆၀)တင်း ဈေးနှုန်းမှာ(၆၃၀၀၀)ကျပ်၊ ပဲစဉ်းငုံ(နီ)(၁၉၂)တင်း ဈေးနှုန်းမှာ (၁၃၀၀၀၀)ကျပ်၊ ပဲစဉ်းငုံ (ဖြူ)(၅၄)တင်း ဈေးနှုန်းမှာ (၁၂၀၀၀၀)ကျပ်၊ ကြက်ဆူ(၂၈.၅)တင်း ဈေးနှုန်းမှာ (၂၉၅၀၀)ကျပ်၊ ထောပတ်ပဲ(၈၁)တင်း ဈေးနှုန်းမှာ(၁၂၀၀၀၀)ကျပ်၊ စွန်တာနီပဲ(၂၁)တင်း ဈေးနှုန်းမှာ (၆၀၀၀၀)ကျပ်၊ ပဲဇီးကွက်(၄၅)တင်း ဈေးနှုန်းမှာ(၆၀၀၀၀)ကျပ်၊ နေကြာ(၁၂၇.၅)တင်း ဈေးနှုန်းမှာ (၃၃၀၀၀)ကျပ်၊ နံနံစေ့(၁၀၈)တင်း ဈေးနှုန်းမှာ(၃၁၀၀၀)ကျပ် အသီးသီးပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

    ယခုရာသီကာလမှာဆိုလျှင်တော့ ကုလားပဲများလှိုင်လှိုင်ထွက်ရှိချိန်ဖြစ်ပြီး ပဲတီစိမ်းသည့် ယခုမေလမှာ စတင်ဝင်ရောက်သောသီးနှံဖြစ်ပါသည်။ ယခင် ဧပြီလ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲအမျိုးအစားအလိုက် တစ်တင်းလျှင်(၄၀၀၀/၅၀၀၀)ကျပ်၊ ပဲတီစိမ်း တစ်တင်းလျှင် (၁၀၀၀၀) ကျပ်နှင့် ပဲစဉ်းငုံ(ဖြူ/နီ)၊ စွန်တာနီပဲ၊ ပဲဇီးကွက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး ကြက်ဆူစေ့ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်းနှင့် ကုလားပဲအမျိုးအစားများအလိုက် အဝင်များဆုံးကျေးရွာများဖြစ်သည့် တန်ဆည်မြို့နယ်၊ မူးတိန်၊ မူးဂွ၊ မူးကျင်း၊ ကျွန်းလည်၊ နားတောင်းကျကျေးရွာများနှင့် ကန့်ဘလူမြို့နယ်၊ စန္ဒယား၊ ကျောက်အိုင်၊ တပေါင်၊ ချောင်းစောက်ကျေးရွာများမှ အဝင်အများဆုံးဖြစ်ပြီး မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့ဇောတိကပွဲရုံ တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျှက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)