ဖရဲသီးအရောင်းဆိုင်များသို့ ကွင်းဆင်းသွားရောက်လေ့လာ

Powered by Drupal

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့်ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂) ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေး ကားလမ်းမဘေးရှိ ရောင်းချနေသော ဖရဲသီးအရောင်းဆိုင်များသို့ သွားရောက်၍ ဖရဲသီးဈေးနှုန်း/ဈေးကွက် ရောင်းချနေမှုအခြေအနေကို သွားရောက်လေ့လာခဲ့ကြသည်။

           ထိုသို့လေ့လာရာတွင် ဖရဲသီးရောင်းချသူဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ ယခုကာလသည် မိမိတို့ဒေသထွက် ဖရဲသီးများထွက်ရှိမှု ကုန်ဆုံးချိန်ဖြစ်သဖြင့် ဒိုက်ဦးမြို့နှင့် အခြားဒေသမှထွက်ရှိသော ဖရဲသီးများအားတဆင့်ပြန်လည်ဝယ်ယူရောင်းချနေရကြောင်း၊ ဒုံးကျည်သီးတစ်လုံးလျှင် (၁၀၀၀) ကျပ် နှင့် HSS (ကျားသီး) တစ်လုံးလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူပြီး အလုံးအရွယ်အစားအပေါ်မူတည်၍ ပြန်လည်ခွဲခြားကာ (၁၅၀၀) ကျပ်၊ (၂၀၀၀) ကျပ်နှုန်းဖြင့် အမျိုးအစားအလိုက် ပြန်လည်ရောင်းချရပါကြောင်း၊ တစ်နေ့လျှင် အလုံးရေ (၁၀၀) ခန့် ရောင်းချရကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် အရောင်းအဝယ်ပါးပြီးဈေးရရှိမှုနည်းကာ တွက်ခြေကိုက်မှု နည်းပါးကြောင်းသိရှိရသည်။

DOCA(မွန်)