ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

Powered by Drupal

    မကွေးမြို့ XXXXXX ရပ်၊ XXXXXX လမ်းတွင်နေထိုင်သော ဦး XXXXXX သည် (၁၁.၅.၂၀၂၄)ရက်နေ့တွင် XXXXXX မြို့မှ XXXXXX မြို့သို့ XXXXXX ယာဉ်လိုင်းဖြင့်  Redmi 13 C ကျပ်(၄၃၉၀၀ဝိ/-) တန်ဘိုးရှိ ပါဆယ်ထုပ်အား တန်ဆာခပေး၍ ပေးပို့ခဲ့ကြောင်း၊ ပါဆယ်ထုပ်ရောက်ရှိချိန်၌ သွားရောက်ထုတ် ယူရာတွင် အခြားတစ်ဦးမှ ထုတ်ယူသွားပြီးဖြစ်ကြောင်း ပြောကြားလာသည့်အတွက် ပါဆယ်ထုပ် ပျောက်ဆုံးမှုအပေါ် တာဝန်ယူမှုမရှိသဖြင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြား လာပါသည်။

    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ် လက်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ (၂၈.၅.၂၀၂၄)ရက်နေ့တွင် တိုင်ကြားခံရသည့် XXXXXX ယာဉ်လိုင်းမှ တာဝန်ရှိသူ၊ တိုင်ကြားသူ၊ သက်ဆိုင်ရာဌာနများဖြစ်သော ပို့ဆောင်ရေးစီမံကိန်း၊ မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများအား တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းနိုင်ရေး အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ ညှိနှိုင်းဖြေရှင်းခဲ့မှုအရ (၃၁.၅.၂၀၂၄)ရက်နေ့ တွင် တိုင်ကြားခံရသည့် XXXXXX ယာဉ်လိုင်းမှ ပါဆယ်ထုပ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ငွေကျပ် (၃၀၀၀၀ဝိ/)ပေးလျော်လာသဖြင့် တိုင်ကြားသူမှ စိတ်ကျေနပ်မှုရရှိကာ အမှုအား ပိတ်သိမ်းနိုင်ခဲ့ပါသည်။

DOCA(မကွေး)