![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/21.30_0.jpg?itok=xBgXhkSh)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အများဆုံးမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ အလုံးကြီး(၁)ပိဿာလျှင် ကျပ် (၄၈၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၄၅၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် မေလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်လျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)အထိ ဈေးနှုန်းမြင့်တက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။ ယခုအချိန်သည် မိုးဦးကျကာလဖြစ်ပြီး ဒေသအတွင်းရှိ ခရမ်းချဉ် သီးများမှာ ရာသီတုံးသောကာလဖြစ်နေ၍ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ မှာယူတင်သွင်းရသည့်အတွက် သယ်ယူစရိတ်မြင့်မား၍ ဈေးမြင့်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)