ပုထိုးစမ်းကျေးရွာတွင် မိုးမြေပဲများ စိုက်ပျိုးလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မြေပဲစိုက် တောင်သူမှာ (၆၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၄၀၀၀)ဧကနီးပါး စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

     မျိုးကို ရွာရှိတောင်သူအချင်းချင်းထံမှ (၁)ပြည်လျှင် ကျပ်(၉၀၀၀)ဖြင့်ဝယ်ယူရပြီး ထွန်‌ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်းခန့် အသုံးပြုရကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၈၀)အကြာတွင် ခူးဆွတ်ပါကြောင်း၊ မိမိအနေဖြင့် မိုးမြေပဲ(၁)ဧကခွဲစိုက်ပျိုးထားပြီး ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် ယခင်နှစ်နည်းတူ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၇၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် တင်း(၁၀၀)နီးပါးထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင် ကျပ်(၁၇၀၀၀)၊ မြေပဲဆံ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀) ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့တင် ပို့ရောင်းချပါကြောင်း ပုထိုးစမ်းကျေးရွာနေ မြေပဲစိုက်တောင်သူ ဦးလှမြင့်ထံမှ သိရှိရပါသည်။

DOCA(မကွေး)