အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း နှမ်းနက်(စမုံ) (၄၅)ပိဿာပါ(၁)အိတ်လျှင် အနိမ့်ဈေးကျပ်(၃၅၀၀၀၀) အမြင့်ဈေးကျပ် (၃၈၀၀၀၀)ဖြင့် (၄၅)ပိဿာဝင်အိတ် (၁၂၅၀)အိတ်ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ် လျှင် ကျပ် (၃၄၀၀၀၀)ဖြင့်(၄၅)ပိဿာဝင် အိတ်(၈၀)အိတ်ကိုလည်းကောင်း၊ နှမ်းပြာ (၄၅)ပိဿာပါ (၁) အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် (၄၅)ပိဿာဝင် အိတ်(၁၅၀)အိတ်ကိုလည်းကောင်း၊ နှမ်းဖြူ (၄၅)ပိဿာ ပါ(၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် (၄၅)ပိဿာဝင် အိတ်(၅၀)အိတ်ကိုလည်းကောင်း အသီးသီး အရောင်းအဝယ်ရှိခဲ့ပါသည်။

    ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနီ၊ ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပြာ၊ မြေပဲနှင့် ဝါသီးနှံတို့မှာ မတ်ပဲ (၁)တင်းလျှင် အနိမ့်ဈေးကျပ်(၁၀၁၅၀၀) အမြင့်ဈေးကျပ်(၁၀၆၀၀၀)ဈေးနှုန်း ဖြင့် (၁)တင်းခွဲဝင် အိတ်(၁၅၀)ကို လည်းကောင်း၊ ပဲစဉ်းငုံနီမှာ (၁)တင်းလျှင် အနိမ့်ဈေးကျပ် (၁၃၆၈၀၀) အမြင့်ဈေးကျပ်(၁၄၂၆၀၀) ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၂၈၀၀)ကိုလည်းကောင်း၊ ပဲကြီး (၁)တင်း လျှင် အနိမ့်ဈေးကျပ် (၈၂၀၀၀) အမြင့်ဈေးကျပ်(၉၂၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၂၀၀)ကို လည်းကောင်း၊ ဘိုကိတ်ပြာ (၁)တင်းလျှင် အနိမ့်ဈေးကျပ်(၆၂၀၀၀) အမြင့်ဈေး ကျပ် (၆၆၀၀၀) ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၁၀၀) ကိုလည်းကောင်း၊ ကုလားပဲ (HL) (၁)တင်းလျှင် အနိမ့်ဈေးကျပ် (၈၂၀၀၀) အမြင့်ဈေးကျပ်(၈၅၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင်အိတ်(၄၀၀)ကို လည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် အနိမ့်ဈေးကျပ် (၈၇၀၀၀) အမြင့်ဈေးကျပ် (၉၀၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၃၅၀)ကို လည်းကောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ယခုတစ်ပတ်အတွင်း ကျပ်(၆၉၅၀) နှုန်းဖြင့် (၃၀) ပိဿာဝင် အိတ်(၂၀၀)ကိုလည်းကောင်း အသီးသီးအရောင်းအဝယ် ရှိခဲ့ပြီး မတ်ပဲ၊ ပဲစဉ်းငုံနီ၊ ဘိုကိတ်ပြာ၊ ကုလားပဲ(မြကြေး)၊ နှမ်းနက်(စမုံ)နှင့် နှမ်းပြာ စသည့်သီးနှံတို့ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရခြင်းဖြစ်ပြီး ပဲကြီးကို ပြည်မြို့သို့ လည်းကောင်း၊ ကုလားပဲ(HL)၊ မြေပဲလုံးဆံ(ဖြူ)နှင့် နှမ်းဖြူတို့ကို အောင်လံမြို့နယ်အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များသို့လည်းကောင်း၊ နှမ်းအနီကို အောင်လံမြို့နယ်အတွင်းရှိ ဆီကြိတ်သည့် လုပ်ငန်းရှင်များသို့လည်းကောင်း တင်ပို့ရောင်းချရခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

   ဝါသီးနှံမှာ ယခုတစ်ပတ်အတွင်းတွင် (၁)ပိဿာလျှင် ကျပ်(၂၇၀၀ မှ ၂၈၀၀) ဈေးနှုန်းရှိပြီး ဝါပိဿာချိန် (၇၀၀၀) ပိဿာခန့်အား မန္တလေးမြို့သို့ တင်ပို့ရောင်းချရခြင်း ဖြစ်ပါကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အနေအထားမျှသာရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)