ရန်ကုန် ဆန်ဈေးကွက် အခြေအနေ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်အတွင်း အင်းစိန်မြို့နယ် ရှိ အင်းစိန်ဈေးအတွင်းရောင်းချနေသော ရွှေသံလွင်ဆန်ဆိုင်မှ ဆန်ဈေးနှုန်းများကို နေ့စဉ်(၁၀:၀၀) နာရီအချိန်တွင် စုံစမ်းမေးမြန်းကောက်ယူလျက်ရှိပြီး ယင်းဆိုင်တွင် ငစိန်၊ ဧည့်မထ၊ ဇီယာ၊  မနောသုခ၊ ပေါ်ကျွဲ၊ ပေါ်ဆန်းမွှေးနှင့် ရွှေဘို ပေါ်ဆန်းမွှေးဆန်စသည့် ဆန်အမျိုးအစား(၆)မျိုးအား ရောင်းချလျက်ရှိပါသည်။

         ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်းတွင် ဆန်အရည်အသွေးမှာ ထိပ်စ၊ လတ်စ၊  နိမ့်စ (၃)မျိုးရှိပြီး ယခုအချိန်တွင် ဆန်ဟောင်းနေရာ တွင် ဆန်သစ်များရောက်ရှိလာ၍ ငစိန်ဆန်သည်ဝယ်ယူစားသုံးမှုနည်းပါးလာသဖြင့် မုန့်လုပ်ရာတွင် အသုံးပြုရန် လတ်စတစ်မျိုးထဲသာ (၂၄)ပြည် တစ်အိတ်လျှင် (၂၄၀၀ဝိ/-)နှုန်းဖြင့် ရောင်းချနေ ကြောင်း သိရှိရပါသည်။ ဧည့်မထ၊ ဇီယာနှင့် မနောသုခဆန်(၂၄)ပြည် တစ်အိတ်လျှင် ထိပ်စ (၃၃၀၀ဝိ/-) လတ်စ (၃၁၀၀ဝိ/-)၊ ပေါ်ကျွဲဆန် (၂၄)ပြည် တစ်အိတ်လျှင် ထိပ်စ (၄၃၀၀ဝိ/-)၊ လတ်စ (၄၀၅၀ဝိ/-) ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ထိပ်စ (၅၇၀၀ဝိ/-)၊ လတ်စ(၅၀၀၀ဝိ/-)၊ နိမ့်စ (၄၇၅၀ဝိ/-) နှင့် ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ထိပ်စ (၆၄၅၀ဝိ/-)၊ လတ်စ (၆၂၀၀ဝိ/-)၊ နိမ့်စ (၆၀၀၀ဝိ/-) ဖြစ်ကြောင်းသိရှိရပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးအဟောင်း ထိပ်စတစ်အိတ်လျှင် (၇၅၀၀ဝိ/-)နှင့် လတ်စ (၇၀၀၀ဝိ/-)ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)