ကယားပြည်နယ်တွင်ကုန်စည်ရောင်းဝယ်မှုပြန်လည် လည်ပတ်လျှက်ရှိ

Powered by Drupal

        ကယားပြည်နယ်၏ နယ်မြေဒေသအခြေအနေအနည်းငယ် ပြည်လည်တည်ငြိမ်လာသဖြင့် ပြည်နယ်အတွင်း အခြားဒေသများမှ ကုန်စည်စီးဆင်းမှုများနှင့် ပြည်နယ်မှအခြားဒေသများသို့ ကုန်စည်တင်ပို့မှုများဖြင့် ကုန်သွယ်မှုပြုလုပ်ရောင်းချလျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။ အဆိုပါမြို့ဦးဂိတ်စာရင်းအရ (၂၂-၂-၂၀၂၂) ရက်နေ့တွင် ကုန်စည်ကားအဝင်များမှာ ကုန်စုံကား(၂)စီး၊ ကွမ်းကား(၂)စီး၊ အချိုရည်ကား(၁)စီးနှင့် ကုန်စည်ကားအထွက်မှာ အချိုရည်ကား(၁)စီး တို့ကိုလည်းကောင်း၊ (၂၃-၂-၂၀၂၂)ရက်နေ့ တွင်ကုန်စည်ကားအဝင်များမှာ ကုန်စုံကား(၂)စီး၊ ငှက်ပျောသီးကား(၂)စီး၊ အချိုရည်ကား(၂)စီးနှင့် ကုန်စည်ကားအထွက်မှာ မကျည်းသီးကား(၂)စီးတို့လည်းကောင်း၊ ၂၄-၂-၂၀၂၂ ရက်နေ့တွင် ကုန်စည်ကားအဝင်များမှာ ကုန်စုံကား(၂ )စီးနှင့် အခြားကုန်စည်ကား(၂)စီးတို့လည်းကောင်း၊ ကုန်စည်ကားအထွက်မှာ ကုန်စုံကား(၃)စီး၊ ကြက်ဥကား(၂)စီးနှင့် အခြားကုန်စည်ကား(၄)စီးတို့ဖြင့် ကုန်စည်စီးဝင်/စီးထွက်ရှိပြီး ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)